Posts

ကြက်သွန်နီခင်းမှာ ကျတတ်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

Image
(၁) ပင်ခြေပုပ်ရောဂါ • အရွက်တွေဝါပြီး တဖြည်းဖြည်းခြောက်သွားပါတယ်။ • ရောဂါကျနေတဲ့အပင်တွေဟာ ရွက်ထိပ်ဖျားတွေကနေ အောက်ကို တဖြည်းဖြည်း ခြောက်သွေ့သွားပါတယ်။ နောက်ဆုံးမှာ တစ်ပင်လုံး ခြောက်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ • ရောဂါကျတဲ့ ကြက်သွန်နီဥတွေဟာလည်း တဖြေးဖြေးပုပ်သွားပြီး အမြစ်တွေလည်းပုပ်သွားပါတယ်။ • ကြက်သွန်နီအခွံပေါ်မှာလည်း အဖြူရောင်သန်းတဲ့ မှိုတွေကြီးထွားလာပါတယ်။ • ပင်ခြေပုပ်ရောဂါဟာ စိုက်ခင်းစတင်ထဲကစပြီး သိုလှောင်တဲ့အထိ ဆက်ပြီးတော့ ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းခြင်း ----------------------- • သီးလှည့်စိုက်ပျိုးသင့်ပြီး သိုလှောင်ချိန်မှာ ဆုံးရှုံးမှုလျော့နည်းစေဖို့ ရိတ်သိမ်းပြီး ကြက်သွန်နီတွေကို နှံ့နှံ့စပ်စပ် ဆေးစီရင်သင့်ပါတယ်။ • ကြက်သွန်နီတွေဟာ ကော့ပါးဓာတ်နိမ့်တဲ့ မြေအမျိုးအစားကို ခံနိုင်ရည်မရှိကြပါ။ အထူးသဖြင့် ရွှံ့မြေနဲ့သဲမြေတွေမှာ ကောပါးပါတဲ့မြေသြဇာကို ထပ်ပြီးထည့်ပေးပါ။ • ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride ) ၀.၂၅%ကို မြေကြီးရွှဲစိုအောင်ဖျန်းပါ။ (၂) ဒေါင်းနီးမှိုရောဂါ ---------------------- အရွက်ရဲ့မျက်နှာပြင်ပေါ်မှာ အဖြူရောင်ငှက်မွေးနုတွေလို မှု...

ဝါးရုံမြေ သဘာဝမြေဩဇာ

Image
လွယ်ကူသက်သာ ဝါးရုံမြေ သဘာဝမြေဩဇာ ဘယ်လိုပြုလုပ်မလဲ သဘာဝဇီဝ မြေဩဇာကို လူတို့မှ ပြုပြင်ဖန်တီး ထုတ်လုပ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ထုတ်လုပ်ရသည်။ ပထမအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းမှိုများ မွေးမြူခြင်းနှင့် ဒုတိယ အဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုခြင်း ဖြစ်သည်။ ပထမအဆင့် ဝါးရုံမြေ ဒိုချက်ကင်း သဘာဝ ဇီဝမှိုများ မွေးမြူရာတွင် ဝါးရုံပင်အောက်တွင်နှစ်ကြာရှည်စွာဆွေးမြေ့နေသောအပေါ်ယံဝါးရွက်ဆွေး သစ်ရွက်ဆွေးများကို တုတ်ဖြင့်သပ်ဖယ်ပြီး အောက်မှာရှိသော မြေဆွေးထု ခြောက်လက်မထုခန့် အချင်းသုံးပေအကျယ်ကို ပေါက်ပြားနှင့် တူးဆွရန် လိုပါသည်။  မတူးဆွမီ ရေလေးဂါလံကို တင်လဲရည် (ထန်းညက်ရည်) တစ်ပုလင်းနှင့် ရောစပ်ပြီး သမအောင်မွှေထားရသည်။ ထို့နောက် ဖွဲနုသုံးပြည်ခန့်ကို ပေါက်ပြားနှင့်တူးဆွထားသော မြေဆွေးပေါ်သို့ ညီညာအောင် ဖြန့်ဖြူးပေးရန် လိုပါသည်။ မြေဆွေးနှင့် ဖွဲနုကို သမအောင် ပေါက်ပြားနှင့် မွှေပေးရပါသည်။ ထို့နောက် ၎င်းမြေဆွေး၊ ဖွဲနုအရောပေါ်သို့ တင်လဲဖျော်ရည်ကို ရေပန်းကရားဖြင့် ဖျန်းပေးပြီး သမအောင်ပေါက်ပြားနှင့် မွှေပေးရပါသည်။ တင်လဲရည်ကို အနေတော်...

ဓါတုအဆိပ်အန္တရာယ်နဲ့ ကုန်ကျစရိတ် လျှော့ချဖို့ တမာပိုးသတ်ဆေး ဘယ်လိုလုပ်မလဲ

Image
ပိုးသတ်ဆေး ကုန်ကျစရိတ်များပြီး ဓာတု အဆိပ်ဓါတ်ကြွင်းတွေကြောင့် ကျန်းမာရေး ထိခိုက်စေမှုကို သက်သာစေတဲ့ တောင်သူတွေကိုယ်တိုင် ပြုလုပ်နိုင်တဲ့ တမာပိုးသတ်ဆေး အကြောင်းကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ တမာပင်ကို သိပ္ပံအမည် Azadirachta indica လို့ခေါ်ပါတယ်။ တပင်လုံး Azadirachtin လို့ခေါ်တဲ့ ပိုးတွေကို ပြေးစေတာရယ်၊ စားမိရင်လည်း ပိုးတွေမျိုးပွားမှုနဲ့ ကြီးထွားမှုကို ဟန့်တားစေနိုင်တဲ့ ပိုးသတ်ဆေးအာနိသင် ရှိပါတယ်။ အစေ့ထဲက ထွက်တဲ့ အဆီ၊ အစေ့ခြောက်မှုန့်၊ အရွက်၊ အခေါက် အကုန်လုံး အသုံးပြုနိုင်ပါတယ်။ အလွယ်ကူဆုံးကတော့ အရွက်ကနေ ပိုးသတ်ဆေးလုပ်နည်းဖြစ်ပါတယ်။ ပြုလုပ်နည်းအဆင့်ဆင့် ------------------------- (၁) တမာရွက် ၂ ပိဿာခန့်ခူးပါ။ ပြီးရင် အရွက်တွေကို နုတ်နုတ်စင်းပါ။ (၂) တမာရွက်တွေကို ရေ ၄ ဂါလံဆန့်တဲ့ပုံးမှာထည့်ပြီး (၃)ရက်လောက်စိမ်ထားပါ။ (၃) (၃)ရက်ပြည့်ရင် တမာရွက်စိမ်ရည်ကို ပိတ်ပါးစ(သို့) ရေစစ်နဲ့စစ်ယူပါ။ (၄) တမာရွက်စိမ်ရည်ထဲကို အိမ်သုံးစားဆီ(ဘာဆီဖြစ်ဖြစ်) (၆) ကျပ်သား၊ ပန်းကန်ဆေးဆပ်ပြာရည် ၆ ကျပ်သား ခန့်မှန်းပြီးထည့်ပါ။ (၅) တမာဆေးရွက်စိမ်ရည်အရောအနှောကို ရေ (၄) ဂါလံနဲ့ ရောပြီး ဆေးအဖြစ...

သင့်ရဲ့သစ်သီးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် မြေသြဇာ

Image
အသီးတွေစိုက်ပျိုးထုတ်လုပ်တဲ့အခါ အထွက်နှုန်းသာမက အသီးအရည်အသွေးကောင်းမွန်ဖို့ ကယ်လ်ဆီယမ် (ခေါ်) ထုံးဓာတ်နဲ့ ဘိုရွန်ဒြပ်စင်တွေပါတဲ့မြေသြဇာကို အထူးအလေးပေးကျွေးကြပါတယ်။ • ကယ်လ်ဆီယမ်ဟာ ဆဲလ်တစ်ခုနဲ့တစ်ခုကြားနံရံမှာ ရှိတဲ့ ဆဲလ်တွေကိုဖွံ့ဖြိုးစေပါတယ်။ ကယ်လ်ဆီ ယမ်ဟာ အပင်အတွင်းဝင်ရောက်နိုင်ဖို့ နှေးပြီး အတွင်းကိုရောက်တဲ့အခါမှာလည်း တစ်နေရာမှာ အထိုင်ချမိသွားရင် အခြားနေရာကို ရွှေ့ပြောင်းဖို့အရမ်းခက်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်တွေချို့တဲ့လာရင် အညွှန့်၊အရွက်သစ်တွေဆီကို အဲဒီဓာတ်တွေ ရောက်သွားဖို့ ခက်ခဲပါတယ်။ • အဲဒီအခြေအနေမျိုးမှာ အရွက်အိုအတွင်းမှာရှိတဲ့ အဲဒီဒြပ်စင်တွေဟာရွက်နုတွေဆီကို အလွယ်တကူ ပြောင်းသွားတဲ့အတွက် ချို့တဲ့တဲ့လက္ခဏာမရှိတော့ပါ။ အဲဒီဒြပ်စင်တွေကို ပြောင်းပေးရတဲ့ ရွက်အို တွေဟာ အရွယ်မရောက်ခင်၊အချိန်မတိုင်ခင် ပျက်ဆီးကြွေကျသွားပါတယ်။ • ကယ်လ်ဆီယမ်ချို့တဲ့တဲ့အပင်တွေက ရွက်အိုအတွင်းမှာရှိတဲ့ကယ်လ်ဆီယမ်ကို ရွက်နုတွေဆီကို မပို့ပေးနိုင်တဲ့အတွက် ရွက်နုတွေမှာ ကယ်လ်ဆီယမ်ချို့တဲ့မှုဒဏ်ကို ခံစားရပြီး အညွန့်ကန်းခြင်း၊ ကောက်ကွေးခြင်း၊ရွက်နုတွေသေးခြင်း၊မဖွံ့ဖြိုးခြင်း စတာတွေဖြစ်တတ်ပ...

၁၈ရက်အတွင်း ဆွေးမြေ့သော မြေဆွေးပြုလုပ်နည်း

Image
အိမ်ခြံဝန်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။ http://greenwaymyanmar.org/article/136 မှာ ဖော်ပြထားသော အချက်အလက်များဖြစ်သည် မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့် (အလျား ၅ပေ၊အနံ ၃ပေအမြင့်၃ပေကျော်ခန့်ရှိ မြေဆွေးပုံအတွက်) ၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေ၀င်လေထွက် ရှိစေရန် ဖြစ်သည်) ၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင်ခင်းနိုင်သည်။ ၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။ ၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။ ၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။ ၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်...

အရိုးများမှ သဘာဝမြေဩဇာ

Image
အက်ဆစ်ဖြင့်စားခြင်း ကျွဲ၊ နွားများ၊ ကြက်၊ ဝက်များ၏ အရိုးများသာမက ငါးအရိုးများ၊ ပုဇွန်၊ ဂဏာန်းခွံများမှလည်း သဘာဝမြေဩ ဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ငါးသလောက်များ၏ အရိုးများမှာ မာလွန်းသောကြောင့် လူတို့စားသုံး၍ မရနိုင် ပါ။ သို့သော် ရှာလကာရှည်၊ သံပရာရှည်၊ ရှောက်ရည်တို့ကဲ့သို့သော အော်ဂဲနစ်အက်ဆစ်အပျော့စား၊ အရည်များ ဖြင့်နယ်ပြီး၊ ဖိအားပေး၊ အပူပေးပြီး ပေါင်းလိုက်သောအခါ အရိုးများနူးပြီး လွယ်ကူစွာစားသုံး၍ ရသည်ကို အများ သိကြပါသည်။ ရေတွင် မပျော်၊ မနူးသောအရိုးများကို လူတို့စားသုံး၍ မရသကဲ့သို့ အပင်များလည်း စားသုံး၍ မရ နိုင်ပါ။ ဘက်ထရီအိုးများအတွင်း ထည့်ထားသော ကန့်ငရဲမီး Sulphuric acid ကိုအသုံးပြုခြင်းဖြင့် ငါးသ လောက်အရိုးထက်မာသော အရိုးများကိုပင် နူးသွား၊ ကျေသွားစေနိုင်ပါသည်။ စဉ်းအိုး၊ ဖန်ပုလင်းကြီး သို့မဟုတ် ပလပ်စတစ်ပုံများအတွင်း အရိုးတစ်မျိုးကို အက်ဆစ်နှင့်စားပြီး ဆွေးစေနိုင်ပါ သည်။ ပိဿာအစိတ်ဝင်စဉ်းအိုးအတွင်း အရိုးတစ်မျိုးကို အိုးတစ်ဝက်မှ (၃/၄) ပုံအထိ ထည့်ထားပြီး ရေကို ထို အရိုးများ မြုပ်ရုံထည့်လိုက်ပါ။ အက်ဆစ်အပြင်းကို ထိုအရိုးများပေါ်သို့ တိုက်ရိုက်ထည့်ပါက လောင်ကျွမ်းပြီး အရောင်မဲ သွားမည်စို...

ဇီဝမှိုသတ်ဆေးမျိုးစုံ နဲ့ ထရိုင်ကိုဒါးမား

Image
ယနေ့ခေတ် မြန်မာပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြည့်ရင် တကယ်ပဲ ရင်လေးမိပါတယ်။ တောင်သူတွေခမျာ အသိပညာဗဟုသုတနည်းပါးကြတဲ့အပြင် တသက်တာပျော်ချင် သစ်ပင်စိုက်ဆိုတဲ့စကားနဲ့ မလိုက်ဖက်လှစွာ ဖျက်ပိုး၊ ရောဂါတွေကြား ချွေးသံရွှဲရွှဲနဲ့ တနေကုန်လုံးပန်နေကြရရှာပါတယ်။ ဒီကြားထဲ ဆေးကုမ္ပဏီပေါင်းများစွာရဲ့ ဟိုဆေးက ကောင်းတယ် ဒီဆေးက ဘယ်လိုစွမ်းတယ်ဆိုတဲ့ လေလုံးကြီးများအောက်မှာ တကယ်ခံနေရတာ အပင်တွေနဲ့ တောင်သူတွေပါပဲ။ စိုက်ပုံစိုက်နည်းစနစ် မကျခြင်း၊ မြေသြဇာဓာတ်မြေသြဇာ နည်းစနစ်တကျ အသုံးမချတတ်ခြင်း၊ ရာသီဥတု အခြေအနေပေါ် လိုအပ်သလို ပြုပြင်မပြင်ဆင်တတ်ခြင်းတွေကို သွန်ပြပေးမယ့် အနှီဆရာသခင်အပေါင်းတို့ကလဲ ဆေးကုမ္ပဏီကြီးတွေရဲ့ အောက်ဝယ် ပြားပြားဝပ်နေသောကြောင့် တောင်သူကို နည်းပညာပေးဆောင်ရွက်ခြင်းက အားနည်းသထက် နည်းရရှာလေတော့တယ်။ စာရေးသူထံ မေးခွန်းပေါင်းများစွာ လာခြင်းတွေထဲက အများစုမှာ ကျနော့်အပင်လေ ရောဂါဖြစ်နေပြီဆရာ ဘာလုပ်ရမလဲ မသိတော့ဘူး??? ဆိုသည်က အများဆုံးပင်။ အမှန်မှာ မိမိသည် နှစ်ရှည်ပင်နှင့် သစ်မွှေးကိုသာ အဓိက ကျွမ်းကျင်ပြီး တခြား သီးနှံပင်များကို မိမိအိမ်စားဖို့အတွက်သာ စိုက်ပျိုးဖူးပါတယ်။ သို့သော် တောင်သူများအဖြစ်ကို ...