သင့်ရဲ့သစ်သီးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် မြေသြဇာ
အသီးတွေစိုက်ပျိုးထုတ်လုပ်တဲ့အခါ အထွက်နှုန်းသာမက အသီးအရည်အသွေးကောင်းမွန်ဖို့ ကယ်လ်ဆီယမ် (ခေါ်) ထုံးဓာတ်နဲ့ ဘိုရွန်ဒြပ်စင်တွေပါတဲ့မြေသြဇာကို အထူးအလေးပေးကျွေးကြပါတယ်။
• ကယ်လ်ဆီယမ်ဟာ ဆဲလ်တစ်ခုနဲ့တစ်ခုကြားနံရံမှာ ရှိတဲ့ ဆဲလ်တွေကိုဖွံ့ဖြိုးစေပါတယ်။ ကယ်လ်ဆီ ယမ်ဟာ အပင်အတွင်းဝင်ရောက်နိုင်ဖို့ နှေးပြီး အတွင်းကိုရောက်တဲ့အခါမှာလည်း တစ်နေရာမှာ အထိုင်ချမိသွားရင် အခြားနေရာကို ရွှေ့ပြောင်းဖို့အရမ်းခက်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်တွေချို့တဲ့လာရင် အညွှန့်၊အရွက်သစ်တွေဆီကို အဲဒီဓာတ်တွေ ရောက်သွားဖို့ ခက်ခဲပါတယ်။
• အဲဒီအခြေအနေမျိုးမှာ အရွက်အိုအတွင်းမှာရှိတဲ့ အဲဒီဒြပ်စင်တွေဟာရွက်နုတွေဆီကို အလွယ်တကူ ပြောင်းသွားတဲ့အတွက် ချို့တဲ့တဲ့လက္ခဏာမရှိတော့ပါ။ အဲဒီဒြပ်စင်တွေကို ပြောင်းပေးရတဲ့ ရွက်အို တွေဟာ အရွယ်မရောက်ခင်၊အချိန်မတိုင်ခင် ပျက်ဆီးကြွေကျသွားပါတယ်။
• ကယ်လ်ဆီယမ်ချို့တဲ့တဲ့အပင်တွေက ရွက်အိုအတွင်းမှာရှိတဲ့ကယ်လ်ဆီယမ်ကို ရွက်နုတွေဆီကို မပို့ပေးနိုင်တဲ့အတွက် ရွက်နုတွေမှာ ကယ်လ်ဆီယမ်ချို့တဲ့မှုဒဏ်ကို ခံစားရပြီး အညွန့်ကန်းခြင်း၊ ကောက်ကွေးခြင်း၊ရွက်နုတွေသေးခြင်း၊မဖွံ့ဖြိုးခြင်း စတာတွေဖြစ်တတ်ပါတယ်။
• ကယ်လ်ဆီယမ်ရောက်ဖို့အရမ်းခက်ခဲတဲ့နေရာက အပင်ရဲ့အစွန်အဖျားနေရာတွေဖြစ်တဲ့ သီးခွံ တွေဆီပဲ ဖြစ်ပါတယ်။ အဲဒီနေရာကို ကယ်လ်ဆီယမ်တွေရောက်မလာနိုင်တဲ့အတွက် သီးကင်းကြွေ ခြင်း၊ အသီးထိပ်ဖျားပိုင်းပုပ်ခြင်း၊ အသီးကောင်းကောင်းမကြီးခြင်း၊ အသီးအက်ကွဲခြင်း တွေ ဖြစ်တတ်ပါတယ်။
• ကယ်လ်ဆီယမ် တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းသွားနိုင်ဖို့ ဘိုရွန်က ကူညီပေးပါတယ်။ ဘိုရွန်ဟာ ပန်းပွင့်ရဲ့ အဖိုဗီဇသယ်ဆောင်တဲ့ဝတ်မှုံဖွံဖြိုးဖို့အတွက် အရေးပါတဲ့ဒြပ်စင်ဖြစ်ပါတယ်။
• ဝတ်မှုံကူးမှုအောင်မြင်မှ အသီးအပွင့်တွေဖြစ်လာမှာဖြစ်ပါတယ် အသီးအပွင့်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အတွက် ကယ်လ်ဆီယမ်နဲ့ ဘိုရွန်လိုအပ်ပါတယ်။
• သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်ရေးမှာ ကယ်လ်ဆီယမ်နဲ့ဘိုရွန်ကို အလေးထားကျွေးဖို့လိုပါတယ်။ ဘိုရွန်ဟာ အပင်တွေအတွက် အနည်းငယ်ပဲလိုအပ်ပေမယ့် လိုအပ်တဲ့အနည်းငယ်ထက် ပိုသွား ပြန်ရင်လည်း အဆိပ့်သင့်စေပါတယ်။ ဒါကြောင့်ဘိုရွန်ကိုသုံးတဲ့အခါ အထူးအလေးထား သုံးဖို့ လိုပါတယ်။
• ဘိုရွန်မှာ မှိုရောဂါကို ကာကွယ်နှိမ်နင်းနိုင်တဲ့ မှိုသတ်ဆေးအစွမ်းပါဝင်ပါတယ်။ သင်္ဘောစိုက်ပျိုးရေးမှာ ဘိုရွန်ချို့တဲ့ပြီး အသီးနူရောဂါမဖြစ်စေဖို့ ဘိုရွန်ကိုကြိုတင်ကျွေးထားဖို့လိုပါတယ်။
• ငရုတ်သီး၊ခရမ်းချဉ်၊ခရမ်းသီး၊စပျစ်သီး၊သင်္ဘောသီး၊ဖရဲသီးတွေမှအစ အခြားအသီးမျိုးစုံအတွက် ကယ်လ်ဆီယမ်နဲ့ ဘိုရွန်မြေသြဇာကိုကျွေးတဲ့အခါ ရေမပျော်တဲ့ဓာတ်ပေါင်းတွေကြောင့် အခက်အခဲ တွေရှိပါတယ်။ ရေပျော်တဲ့ကယ်လ်ဘိုရိုလ် (Calboro) မြေသြဇာမျိုးကို ဈေးကွက်ထဲမှာ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ အဲဒီမြေသြဇာဟာ ရေထဲမှာပျော်ဝင်နိုင်တဲ့အတွက် ရွက်ဖျန်းမြေသြဇာအနေ နဲ့လည်းသုံးလို့ရပါတယ်။
Source; စိုက်ပျိုးသုတပစ္စယ

Comments
Post a Comment